🫣 About Encounter Myanmar?

Written By Omega

2023-7-31

enter image description here

🫣 Encounter Myanmar ဆိုတာ

Encounter Myanmar ဆိုတာ Discord Bot ​လေးပဲဖြစ်ပါတယ်။ ဘယ်လိုမျိုး Discord Bot ​လေးလဲဆို​တော့ Discord အသုံးပြုတဲ့ မြန်မာ​တွေအချင်းချင်း anonymous match ​တွေပြုလုပ်ပြီး ​တွေ့ဆုံကာ စကား​ပြောဆိုနိုင်မဲ့ Bot ​​​လေးပဲဖြစ်ပါတယ်။

🏆 Project ရဲ့အဓိက vision

Encounter Bot ​လေးရဲ့ အဓိက vision ​က​တော့ ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံက မိမိနဲ့ compatible ဖြစ်နိုင်မဲ့ homies​ ​တွေ၊ buddies ​တွေ၊ soulmate ​တွေကို Discord ​က​နေပဲ အလွယ်တကူ ရှာ​ဖွေ တွေ့ဆုံနိုင်ရန်အတွက်ပဲဖြစ်ပါတယ်။

🌟 ပါဝင်မဲ့ feature များ

Encounter Bot ရဲ့ ​ပထမဦးဆုံး launch လုပ်မဲ့ MVP မှာ အဓိက features ၃ခုပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီ features ​တွေက​တော့ Quick Private Match ရယ်၊ Quick Casual Match ရယ်၊ Envelope Message ရယ်ပဲဖြစ်ပါတယ်။

  1. Quick Private Match Feature ကိုမြင်သာ​​အောင် ဥပမာ​ပေးရရင် Omegle တို့၊ Ometv တို့လို one by one randomly match လုပ်လို့ရတဲ့ web app ​တွေရဲ့ concept မျိုးကို Discord မှာ ခံစားလို့ရမှာဖြစ်ပါတယ်။ Omegle တို့၊ Ometv တို့ကို မသိ​တဲ့သူ​တွေအတွက် ရှင်းပြရရင် သူတို့က online ​ပေါ်မှာရှိတဲ့ သူစိမ်း​တွေနဲ့ randomly match ဖြစ်ပြီး chatting လုပ်လို့ရတဲ့ platform ​တွေပဲဖြစ်ပါတယ်။ Encounter Bot မှာလဲ Encounter Bot ကို invite လုပ်ထားတဲ့ server ​တွေထဲက သူ​တွေနဲ့ randomly match လုပ်ကာ Bot ရဲ့ DM က​နေ anonymously စကား​ပြောလို့ရမှာပဲဖြစ်ပါတယ်။

  2. Quick Casual Match ကလည်း Quick Private Match နဲ့ similar ဖြစ်ပါတယ်။ Match ဖြစ်သွားတဲ့အခါ Bot ရဲ့ DM က​နေစကား​ပြောတာမျိုး မဟုတ်​တော့ပဲ မိမိ make match button နှိပ်ထားတဲ့ Discord Server မှာ private thread တစ်ခု​ပေါ်လာပြီး ထို thread က​နေ စကား​ပြောရမှာ ဖြစ်ပါတယ်။ Discord မှာရှိပြီးသားဖြစ်တဲ့ telephone bot ​တွေနဲ့ concept တူပါတယ်။ ​ပေါ့​ပေါ့ပါးပါး ခဏတာ တစ်ခြား server ကလူ​တွေနဲ့ပဲဖြစ်ဖြစ် ၊ ကိုယ့် server ထဲကလူ​တွေနဲ့ပဲ ဖြစ်ဖြစ် anonymously စကား​ပြောလို့ရ​စေဖို့အတွက်ပဲဖြစ်ပါတယ်။ Server ထဲမှာ Interaction လုပ်လို့ရတဲ့ activity တစ်ခုအ​နေနဲ့ ရှိတဲ့အတွက် server owner ​တွေအတွက်လည်း မိမိ server ကို ပိုပြီး active ဖြစ်​​စေနိုင်မှာ ဖြစ်ပါတယ်။

  3. နောက်ဆုံး feature ဖြစ်တဲ့ Envelope Message က​တော့ quality ကို ဦးစား​ပေးတဲ့သူ​တွေအတွက်ပဲဖြစ်ပါတယ်။ အ​ပေါ်က feature ​တွေက randomly match ​ပေးမှာ ဖြစ်တဲ့အတွက် ကိုယ်နဲ့​တွေ့မဲ့သူက မိမိနဲ့ compatible ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို sense လုပ်ဖို့ ခက်ခဲပါတယ်။ အားလုံးပဲ message in a bottle concept ကို သိကြမယ်ထင်ပါတယ်။ ပုလင်း​လေး​တွေထဲကို မိမိ စိတ်ခံစားချက်​တွေပဲဖြစ်ဖြစ်၊ မိမိအ​ကြောင်းပဲဖြစ်ဖြစ်၊ မိမိနှစ်သက်ရာ တစ်ခုခု​ရေးပြီး ပင်လယ်ကြီးထဲကို ​​မျှောလိုက်သလို မိမိ​ရေးထားတဲ့ စာ​လေး​တွေကို tag လေး​တွေ tag ပြီး submit လိုက်တာနဲ့ ထို tag ​လေး​တွေကို explore လုပ်​နေတဲ့သူက မိမိ​ရေးထားတဲ့စာ​လေးကို​တွေ့ပြီး သ​ဘောကျလို့ သိမ်းလိုက်တဲ့အခါမှာ ထိုသူနဲ့ match ဖြစ်သွားပြီး Bot ရဲ့ DM က​နေ anonymously chat လို့ရမှာပဲဖြစ်ပါတယ်။

🔒 သင့်ရဲ့ privacy ကို ကာကွယ်​ပေးဖို့အတွက်

Encounter Bot က သင့်ရဲ့ privacy ကို ပထမဦးစား​ပေးအ​နေနဲ့ တန်ဖိုးထားတဲ့အတွက် feature ၃ခုလုံးမှာ match ဖြစ်သွားတဲ့အခါ Bot ရဲ့ system က​နေ ၂​ယောက်လုံးအတွက် random identity တစ်ခုစီအမြဲ generate ​ပေးမှာဖြစ်ပြီး ဆက်ပြီးစကားမ​ပြောချင်​တော့လို့တစ်ဖက်ဖက်က match session ကို end လုပ်လိုက်တဲ့အခါမှာ ထို identity ကလုံးဝပျက်သွားမှာဖြစ်ပါတယ်။ ​နောက်ထက် match အသစ်အတွက် ​နောက်ထက် random identity တစ်ခုထက်ဖြစ်သွားမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင် တစ်ဖက်သူကို သင်ဟာဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်​ဖော်မ​ပြောမချင်း တစ်ဖက်လူက သင်ရဲ့ Discord Identity ကို ဘယ်​တော့မှ သိရှိနိုင်မှာ မဟုတ်ပါဘူး။

📢 သင့်ရဲ့ safety နဲ့ user experience ကိုထိန်းသိမ်း​ပေးဖို့အတွက်

Encounter Bot က သင့်ရဲ့ safety နဲ့ user experience ကိုလည်း တန်ဖိုးထားတဲ့အတွက် သင်နဲ့ match ဖြစ်သွားတဲ့သူက သင့်ကို harassment လုပ်တာပဲဖြစ်ဖြစ်၊ bully လုပ်တာပဲဖြစ်ဖြစ်၊ spamming လုပ်တာပဲဖြစ်ဖြစ်၊ malicious attack လုပ်တာပဲဖြစ်ဖြစ်၊ သင့်အ​ပေါ် harmful action တစ်ခုခုပြုလုပ်ခဲ့ရင်ချက်ချင်း report တင်နိုင်မှာဖြစ်ပါတယ်။ Encounter Team မှ reports များကို ထိထိ​ရောက်​ရောက် စစ်​ဆေးပြီး ထိုသို့ပြုလုပ်သူများကို system မှ permanent ban လုပ်သွားမည်ဖြစ်ပါတယ်။

🙌 စိတ်ဝင်စားမှု့အတွက်​ကျေးဇူးပါ

အားလုံးပဲ Encounter Bot ​လေးကို အသုံးပြုဖို့ ​စောင့်​မျှော်​နေကြမယ်လို့လဲထင်ပါတယ်။ အခုစာ​လေးကို ဖတ်​ပေးတဲ့အတွက်လဲ ​ကျေးဇူးတင်ပါတယ်။ Bot ​လေးက​တော့ အခုမှ development stage ပဲရှိပါ​သေးတယ်။ Bot နဲ့ ပတ်သက်၍ ထက်ပြီးသိချင်​တာရှိရင် Encounter Official Discord server ​လေးကို join ပြီးမေးမြန်းလို့လဲရပါတယ်။ ကျွန်​တော့ကို Discord က​နေ Direct Message လုပ်ပြီးလည်း ​မေးမြန်းနိုင်ပါတယ်။ Discord Username - omega.io